News & Events Latest Events ယနေ့မွေထိုင်း ယှဉ်ပြိုင်ထီုးမည့်အားကစားသမား ၅ဦီးစလုံးဆေးစစ်ဝိတ်ချိန်အောင်မြင်စွာပြီးဆုံး Day(6) ဂန္တဝင် မြန်မာ့ရိုးရာ လက်ဝှေ့ ချန်ပီယံဟောင်း ဦးသမန်းကျား၏ နာရေးစျာပန သို့ မြန်မာရိုးရာလက်ဝှေ့ အဖွဲ့ချုပ်မှ ဥက္ကဌ ၊ ဒုဥက္ကဌ နှင့် ကော်မတီဝင်များ၊ ကရင်ပြည်နယ် မြန်မာ့ရိုးရာ အဖွဲ့မှ စုစုပေါင်း လှူဒန်းငွေ ၂၃ သိန်းအားလှူဒန်းခဲ့ပါသည်။ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ ပြိုင်ပွဲနှင့်ပတ်သက်၍ ပြည်နယ်နှင့်တိုင်း ဆပ်ကော်မတီများသိရှိစေရန်။ တရားဝင်စာကိုလည်း သက်ဆိုင်ရာမှ ပေးပို့ထားပါသည်။ (၁၈.၁.၂၀၂၅) နောက်ဆုံးထား၍ လူရွေးပွဲအတွက်အကြောင်းကြားပါရန်နှင့် မိမိတို့ ပြည်နယ်နှင့်တိုင်းမှ မပါဝင်နိုင်ပါကလည်း မပါဝင်နိုင်ကြောင်း တရားဝင်အကြောင်းပြန်ကြားရန် လိုအပ်ပါသည်။ အသေးစိတ်အား ထုတ်ပြန်စာတွင်ကြည့်ရှုပါ။ မြန်မာ့ရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှကရင်ပြည်နယ်လက်ဝှေ့သမားဟောင်း.ဒိုင်.နည်းပြဖြစ်သူဉီးစောရီလေးအား သွေးရောဂါ ဝေဒနာ ဆေးကုသ ခံနေရပါသဖြင့်မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့ အဖွဲ့ချုပ် မှ ထောက်ပံ့ လှူဒါန်းငွေ ငွေကျပ်၁၀သိန်းအား ကရင်ပြည်နယ် ရိုးရာလက်ဝှေ့ ခုံဒိုင်ချုပ် ဦးစောကျော်သိန်းတူ မြန်မာနိုင်ငံ လက်ဝှေ့ အဖွဲ့ချုပ် ကိုယ်စား သွားရောက် ထောက်ပံ့ လှူဒါန်း ပေးခဲ့ပါသည်။ မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချူပ်တာဝန်ရှိသူများသည် ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ၂၀၂၅ sea game မွေ့ပြိုင်ပွဲများတွင်မြန်မာအသင်းပါဝင်ယှဉ်ပြိုင်နိုင်ရန်IFMA ဥက္ကဌ၊အတွင်းရေးမှူးများနှင့်ဆွေးနွေးခဲ့ပီး River Side Iconsiam တွင်ကျင်းပသော Muaythai Soft Power Festival 2024ကိုတက်ရောက်အားပေးခဲ့ပါသည်။ မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှ ပွကျင်းပခွင့် promoter license ယူထားသူ များ ၃၁.၁၂.၂၀၂၄ နောက်ဆုံးထား၍ သက်တမ်းလာရောက်တိုးကြပါရန် အကြောင်းကြားအပ်ပါသည်။ လက်ဝှေ့သမားဟောင်းများ စုစုပေါင်း (၁၃) ဦးအား တစ်ဦးလျှင်ကျပ် (၁၀) သိန်းစီဖြင့်လှူဒါန်းခဲ့ပါသည် Mr Aleksandr Shlychkov အား ဥရောပရှိ မြန်မာနိုင်ငံ Lethwei အဖွဲ့ချုပ်၏ ကိုယ်စားလှယ်နှင့် ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခဲ့ပါသည်။ SKYNET ရွှေအောင်လံ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ သတင်းစာရှင်းလင်းပွဲ